ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Thursday, March 15, 2012

Published with Blogger-droid v2.0.4

Read More...

Saturday, June 4, 2011

မလေးရှား overstay သမားများအတွက်

မလေးရှားမှ အိုဗာစတေးသမား မြန်မာများအားလုံး အားလုံး မဖြစ်မနေ ဖတ်ရန် အထူးသတင်း
မင်္ဂလာပါ                          @edinooyin

မလေးရှားတွင် နေထိုင်လုပ်ကိုင်လျှက်ရှိသော အလုပ်သမားများအားလုံးထဲမှ

 1. အကြောင်းအမျိုးမျိုးကြောင့် အိုဗာစတေးသမားဖြစ်သွားရသောအလုပ်သမားများအားလုံး
 2. မိသားစု အတွက် လမ်းအမျိုးမျိုးဖြင့် တရားမ၀င်ဝင်ရောက်လာသော အောက်လမ်း အလုပ်သမား(JP)အားလုံး
 3. အလည်ဗီဇာဖြင့်လာရောက်နေထိုင်လုပ်ကိုင်သော (Social Visa) ရက်လွန်အလုပ်လုပ်လျှက်ရှိသော အိုဗာစတေးအားလုံး
 4. အကြောင်း အမျိုးမျိုးကြောင့် မလေးရှားမှ တရားဝင်ပြန်လိုသော အိုဗာစတေးသမားအားလုံးအတွက်

မလေးရှားမှ တရားဝင်ပြန်လည်စီစဉ်မည့် စီမံကိန်း  Legalization and Amnesty Project - ( 6P ) Project မကြာမီတရားဝင်စတင်တော့မည်ဖြစ်ပါတယ် ။

ပထမဆုံး  ဧဒင်ဥယျာဉ်မှ တစ်ဆင့် ဖောင်ဖြည့်ရန် စီစဉ်ထားပေးသူများသာမက ဆက်လက် လျှောက်ထားမည့် အိုဗာစတေးသမားများအားလုံးကို 1.6. 2011 မှ 15.6.2011 အတွင်း အပြီးသတ် အချက်လက်ဖောင်ဖြည့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပါတယ် ။ ထိုရက်နောက်ပိုင်းအတွက်မူ အခွင့်အလမ်းရှိသေးပါက ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အချိန်မရတော့ပါက ဆောင်ရွက်ရန် ခက်ခဲမည်ဖြစ်ပါတယ် ။

လျှောက်လွှာဖြည့်ပြီးသူများအားလုံး အတွက်မူ ဂျူလိုင်တစ်ရက်နေ့မှ စပြီး ကိုယ်ရေးကိုယ်တာ အချက်လက်များ Immigration သို့ မှတ်ပံတင်ဖြင် ( Bio Data Registration ) ၊ လက်ဗွေနှိပ်ခြင်း ( Thumbprint ) ၊ မျင်နှာ ဓတ်ပုံရိုက်ယူခြင်း ( Present Face Registration  ) . စသည်များကို ဆောင်ရွက်မည်ဖြစ်တာကြောင့် အချက်အလက်များ ၊ လိုအပ်သော ငွေကြေများ စတင်ဆောင်ထားရန် အသိပေး အကြောင်းကြားပါသည်  ။

Legalization

ဆောင်ရွက်ပုံ အဆင့်ဆင့်မှာ

1. လျှောက်လွာဖြည့်သွင်းခြင်း  16.6.2011 အထိ
2. လက်ဗွေ + မျက်နှာ မှတ်ပုံတင်ခြင်း  ( 6P Project စတင်မည့်ရက် ဂျူလိုင်အတွင်း )
3. ယာယီနေထိုင်ခွင့် ပါမစ် ( Temporary Visa ) ထုတ်ပေးခြင်း စတင် Deposit Charge ငွေကြေးပေးသွင်းပြီးသည့်ရက်မှ 28 ရက်အတွင်း
4. ငွေကြေးစုဆောင်းချိန် ( ယာယီပါမစ် ထုတ်ပေးပြီးနောက်ပိုင်း 3 လ ကျော်ပြီးနောက် Approval + KTM form + Certificate ထွက်သည်အထိ ကြား 3 လ )
အထက်ပါ အစီစဉ်များ1.7.2011 တွင် စတင်တော့မည်ဖြစ်ပါတယ် ။


Amnesty

မလေးရှားတွင်နေထိုင်နေသော အိုဗာစတေးသမားအားလုံး မြန်မာပြည်သို့ ပြန်လည်မည့်သူများ
တရားဝင် ၊ ဒဏ်ငွေမဲ့ ပြန်လိုသည့်သူများအားလုံးအတွက် ထိုစီမံကိန်း ကာလအတွင်း လေကြောင်းပို့ဆောင်ရေး ကုန်ကျစရိတ်ဖြင့်သာပြန်လည်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး မည်သည့် စာရွက်စာတမ်း အထောက်အထားမျှပြရန်မလိုပဲ
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ၊ သံရုံးထောက်ခံစာ ဖြင့် ပြန်နိုင်မည့်အစီအစဉ်အားလည်း
ဤ 6P Project တွင် ထည့်သွင်းဆောင်ရွက်မည်ဖြစ်တာကြောင့် သတ်မှတ်ကာလအတွင်း ဆက်သွယ်ပါရန် အသိပေးအကြောင်းကြားပါတယ် 


Malaysia Immigration မှ ရက်သတ္တ သုံးပတ်သာ ဆောင်ရွက်မည်ဖြစ်တာကြောင့် မြန်မာ အိုဗာစတေး သမားများအားလုံးအမြန်ဆုံးလာရောက် ဖောင်ဖြည့် မှတ်ပုံတင်ရန် အထူးအသိပေးနှိုးဆော်လိုက်ရပါတယ် ။

ဖောင်ဖြည့်ချိန်တွင် မည်သည့်ငွေကြေး စရံငွေမျှ ပေးဆောင်ရန် မလိုအပ်ပဲ ဖုန်ဖြင့်ပြန် လည်အကြောင်းကြားရန်မလေးရှားငွေ 5.00 RM ကိုသာ Detecting Money အဖြစ်ကောက်ယူမည်ဖြစ်ပါတယ် ။ လက်ဗွေနှိပ်ချိန်  အချက်လက်များ Immigration သို့ တင်သောအချိန်ရောက်မှသာ Deposite Money ( 800.00 RM ) စတင်ပေးခြေရမည်ဖြစ်ပါတယ် ။

အိုဗာစတေးသမားများအတွက် အနည်းဆုံးသော နှုန်ထားများဖြင့် ဆောင်ရွက်သွားမည့် Project ဖြစ်တာကြောင့် သတ်မှတ်ထားသော အခကြေးငွေ ၊ အချိန်ကာလ အတွင်း ငွေစုချိန်ပါ ရနိုင်မည်ဖြစ်ပြီး ၀န်ဆောင်ခ ထပ်ဆောင်းပေးရန် မလိုကြောင်း အသိပေးပြောကြားလိုပါတယ် ။ ထိုအစီအစဉ် များစတင်နေသည့် ကာလ များအတွင်း Operacy ( အော်ပါရာစီ ) အဖမ်းအဆီးများ ဆိုးရိမ်စရာ မလိုပဲ အမြန်ဆုံး  ကိုယ်တိုင်လာရောက် ဖောင်ဖြည့်သွားပါရန် လေးစားစွာ အသိပေးအကြောင်ကြားရပါတယ်ခင်ဗျာ ။

ဖောင်ဖြည့်ရမည့် နေရာမှာ မဟာနန်း အဆင့်မြင့်စားသောက်ဆိုက် အပေါ်ဆုံးထပ် ရုံးခန်း
No - 10, 12 , 14 , Jalan Lebuh Pudu , 50500 . KL ( မြန်မာ ဆိုင်တန်း မောရှမ်းဘေးဆိုင် ) တွင်ဖြစ်ပါတယ် ။

ထိုရုံးခန်းတွင်သာ မလေးရှားလူဝင်မှု့ကြီးကြပ်ရေးမှ လုပ်ဆောင်ရန်ကိစ္စ အဆင့်ဆင့်ကိုဆောင်ရွက်မည်ဖြစ်ပါတယ် ။
နယ်ဝေးမှ လာရောက်မည့်သူများ အမြန်လာရောက်ဖောင်ဖြည့်ရန် လည်း အသိပေးရပါတယ် ။

ဆက်သွယ်ရန် ဖုန်းနံပတ်များ ..

Mahar Nann High Class Restaurant - 03 2026 0208
ဥယျာဉ်မှူး  - 0143414613
Hot Line  - 010 533 7777


ဧဒင်ဥယျာဉ်မှ လျှောက်လွာဖြည့်သူများအားလုံး လည်း အဆင်သင့် ပြင်ဆင်ထားနိုင်ရန် လေးစားစွာ အသိပေးအကြောင်းကြားရပါတယ် ။

ဧဒင်ဥယျာဉ်မှ အထက်ပါဆောင်ရွက်ချက်များကို ခိုင်မာစွာ ဆက်လက် လက်တွဲဆောင်ရွက်မည်ဖြစ်တာကြောင့် အဖွဲ့သားအားလုံး သာမက သူငယ်ချင်းမိတ်ဆွေ အိုဗာ စတေးသမားများအားလုံးသို့ ဆက်လက်လက်ဆင့်ကမ်း သတင်းပေးကြပါရန် နှိုးဆော်ရပါတယ် ။

   KOMYO
   ဥယျာဉ်မှူး 
www.edinooyin.com



Read More...

Tuesday, May 17, 2011

မလေးရှား-သြစတြေးလျ ဒုက္ခသည်သဘောတူညီချက် ဝေဖန်ခံရ

မလေးရှား-သြစတြေးလျ ဒုက္ခသည်သဘောတူညီချက် ဝေဖန်ခံရ

မလေးရှားနိုင်ငံနှင့် သြစတေးလျနိုင်ငံမှ ဝန်ကြီးချုပ်များအကြား ဒုက္ခသည်အဖြစ် ခိုလှုံလာသူများအား ဖလှယ်ရေးအစီအစဉ် သဘောတူစာချုပ်ကို နှစ်နိုင်ငံ ဥပဒေပြု လွှတ်တော်အမတ်များက ဆန့်ကျင်ကန့်ကွက်လိုက်သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်နှင့် သြစတေးလျဝန်ကြီးချုပ် ဂျူလီယာ ဂီလ်လတ် တို့နှစ်ဦးကြား မေလ ၇ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ယင်း သဘောတူစာချုပ်အရ စာချုပ်ချုပ်ဆိုပြီးနောက် သြစတြေးလျသို့ ခိုလှုံရန် စတင်ရောက်ရှိလာမည့် ဒုက္ခသည် ၈၀၀ ကို ကုလသမဂ္ဂ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် သြစတေးလျမှ မလေးရှားသို့ ပို့ဆောင်မည်ဖြစ်သည်။

အပြန်အလှန်အနေဖြင့် သြစတေးလျနိုင်ငံသည် လာမည့် ၄ နှစ်အတွင်း မလေးရှား၌ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးသူ ၄၀၀၀ ကို လက်ခံပေးမည်ဖြစ်သည်။ ယင်းဒုက္ခသည်များအနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

မလေးရှားနှင့် သြစတြေးလျတို့၏ သဘောတူစာချုပ် ရည်ရွယ်ချက်မှာ သြစတြေးလျတွင် ခိုလှုံခွင့်ရရန် လှေဖြင့် ခိုးဝင်သူများကို တားဆီးရန်ဖြစ်သည်။ ခိုးဝင်သူ အများစုမှာ မြန်မာနိုင်ငံမှလာသည့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသော ရိုဟင်ဂျာများဖြစ်သည်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံတခုမဟုတ်ခြင်း၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် အလွန်ဆိုးဝါးသော မှတ်တမ်းများ ရှိနေခြင်းတို့ကြောင့် သြစတြေးလျသည် သဘောတူစာချုပ်အတွက် နှစ်နိုင်စလုံးမှ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

ပြစ်တင်ဝေဖန်မှုများနှင့် ပတ်သက်၍ သြစတေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး မစ္စတာ ခရစ္စ ဘိုဝင် (Chris Bowen) က သြစတေးလျ ABC သတင်းဌာနသို့ မေလ ၉ ရက်နေ့က ပြောကြားရာတွင် မလေးရှားဝန်ကြီးချုပ်က ခိုလှုံခွင့်လျှောက်ထားသူများ၏ ဂုဏ်သိက္ခာနှင့် လူသားဖြစ်တည်မှုကို လေးစားလိုက်နာရန် အခိုင်အမာ ကတိက၀တ်ပြုထားကြောင်း၊ သဘောတူညီချက်ပါ အသေးစိတ် အချက်အလက်များ အပြီးသတ်သည်နှင့် တပြိုင်နက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောသွားသည်။

သို့သော် မလေးရှားလွှတ်တော်မှ အမျိုးသမီး အမတ် ထရီဆာ ကွတ်ခ်က (Teresa Kok) မလေးရှားဝန်ကြီးချုပ်၏ ကတိစကားကို ယုံကြည်မှုမရှိကြောင်း၊ အစိုးရ ကျောထောက်နောက်ခံပြုထားသော Rela ဟုခေါ်သည့် တရားမ၀င် နိုင်ငံခြားသား အလုပ်သမား နှိမ်နင်းရေးအဖွဲ့ဝင်များက ဒုက္ခသည်များအပေါ် ကျူးလွန်သည့် အနိုင်ကျင့်မှု၊ ငွေညှစ်မှု၊ အကြမ်းဖက်မှုများကို သက်သေအထောက်အထားများနှင့် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း၊ မလေးရှား အစိုးရကလည်း ယခုအချိန်အထိ မသိကျိုးကျွံ ပြုနေဆဲဖြစ်ကြောင်း ပြောသည်။

ASEAN Inter-Parliamentary Myanmar Caucus (AIPMC) ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ဆောင်ရွက်သည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို တွဲဖက်တည်ထောင်သူလည်းဖြစ်သည့် ထရီဆာ ကွတ်ခ်က “ဒီသဘောတူညီချက်က နေရပ်အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာရတဲ့၊ တိုင်းပြည်မဲ့နေကြတဲ့ လူသားတွေကို အကာအကွယ်နဲ့ လုံခြုံမှုပေးရမယ့်အစား ရောင်းကုန်ပစ္စည်းလို သဘောထားနေပုံရပါတယ်” ဟု ဆိုသည်။

“တကယ်လို့သာ ၀န်ကြီးချုပ် နာဂျစ် အနေနဲ့ ဒုက္ခသည်တွေအတွက် အမှန်တကယ် စိတ်ပူပန်တယ်ဆိုရင် အခု သဘောစာချုပ်ကို ဖျက်လိုက်ပါ။ ပြီးရင် မလေးရှားနိုင်ငံထဲမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေနိုင်မယ့် နိုင်ငံတော်အဆင့် ဥပဒေနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစည်းမျဉ်းဘောင်တခု ချမှတ်နိုင်ဖို့ အာရုံစိုက် လုပ်ဆောင်ပါလို့ ကျမအနေနဲ့ အကြံပြုလိုပါတယ်” ဟု မေလ ၁၀ ရက်နေ့က ဧရာဝတီသို့ ပြောသည်။

သြစတေးလျနိုင်ငံနှင့် သဘောတူထားသည့်အတိုင်း ရောက်ရှိလာမည့် ဒုက္ခသည်ခိုလှုံခွင့် လျှောက်ထားသူများကို ကောင်းမွန်စွာ ဆက်ဆံပါမည်ဟူသော မလေးရှား ဝန်ကြီးချုပ်၏ ကတိကဝတ်မှာ အာမခံချက်လုံးဝမရှိဟု မလေးရှားနိုင်ငံမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလည်း ပြောဆိုသည်။

မလေးရှား လူ့အခွင့်အရေးအဖွဲ့ကြီး တခုဖြစ်သည့် Suaram မှ စင်သီယာ ဂတ်ဘရီရယ်က ABC သတင်းဌာနသို့ ပြောကြားရာတွင် “အတိအကျ ပြဌာန်းထားတဲ့ ဥပဒေတခုအပြင် မလေးရှားအစိုးရက အဲဒီဥပဒေကို လုံးဝ လေးစားလိုက်နာပါမယ်ဆိုပြီး ကန့်သတ်ထားတဲ့ စည်းမျဉ်းဘောင် မရှိသမျှ ကာလပတ်လုံး ခိုလှုံခွင့် လျှောက်ထားသူတွေအတွက် လုံးဝ အကာအကွယ်ရှိမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

သြစတေးလျ ဂရင်းပါတီ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အထက်လွှတ်တော်အမတ် ဆာရာ ဟန်ဆန် ယန်း (Sarah Hanson-Young) ကလည်း မလေးရှားနိုင်ငံသည် စိတ်ပျက်ဖွယ် လူ့အခွင့်အရေး စံချိန်စံနှုန်းများ ရှိနေသည့် တိုင်းပြည်ဖြစ်ကြောင်း၊ တိုင်းပြည်မဲ့သူများကို တရားမ၀င်နေထိုင်သူများဟု သတ်မှတ်ပြီး ကြိမ်ဒဏ်ပေးနိုင်သော တိုင်းပြည်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

မစ္စ ဆာရာ ဟန်ဆန် ယန်း၏ ကြေညာချက်တွင် “ဒီအစီအစဉ်က နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုတာ ကျမတို့သိပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ဟာ ရွှေ့ပြောင်းအခြေချမှု အက်ဥပဒေနဲ့ ကိုက်ညီခြင်း ရှိမရှိဆိုတာ သက်သေပြဖို့အတွက် အစိုးရရဲ့ တာဝန်ဖြစ်နေပါပြီ” ဟု ဖော်ပြထားသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဗီလာဝုဒ် (Villawood) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည်မှာ ၂ နှစ်ကြာပြီဖြစ်သော ရိုဟင်ဂျာတဦးဖြစ်သူ ဆေယက် ကာစင်က သူသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း ခံရသော်လည်း သြစတြေးလျတွင် နေထိုင်ရန် လုံခြုံရေးဆိုင်ရာ နောက်ခံသမိုင်းကြောင်း ရှင်းလင်းသည်အထိ စောင့်နေရကြောင်း၊ မလေးရှားနိုင်ငံသို့ ပြန်ပို့ခံရသည့် တခြား ခိုလှုံခွင့် လျှောက်ထားသူများ အတွက် စိုးရိမ်စရာကောင်းကြောင်း ပြောသည်။

“မလေးရှားမှာနေတုန်းက ကျနော်အဖမ်းခံဖူးတယ်။ အနည်းဆုံး ၁၀ ကြိမ်လောက် အချုပ်ကျဖူးတယ်။ အချုပ်ထဲမှာ အရိုက်လည်း ခံရတယ်။ ပြီးတော့ မလေးရဲတွေက ကျနော့်ကို လူမှောင်ခိုသမားတွေလက်ထဲ ရောင်းစားလိုက်တယ်။ ကျနော့်မိသားစုက ပိုက်ဆံနဲ့နောက်က လိုက်ရွေးရတယ်” ဟု အသက် ၃၈ နှစ်အရွယ် ကာဆင်က ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

ကာဆင်သည် မြန်မာအာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြသည့် လူနည်းစု မွတ်ဆလင်ဘာသာဝင် ရိုဟင်ဂျာများထဲမှ တဦးဖြစ်သည်။ ကာဆင်သည် ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာလာပြီး မလေးရှားနိုင်ငံသို့ ခိုးဝင်ခဲ့သည်။

“ကျနော် အသက်ကိုစွန့်ပြီး လှေလေးတစင်းနဲ့ မလေးငွေ ၁၀၀၀၀ ကျော်ပေးပြီး သြစတေးလျကို လာခဲ့ပါတယ်။ ဒါဟာ ဘယ်တုန်းကမှ ပညာသင်ကြားခွင့် မရခဲ့တဲ့ ကျနော့်သားသမီးတွေရဲ့ အနာဂတ်အတွက်ပါ” ဟု ကာဆင်က ပြောသည်။

မလေးရှားနိုင်ငံတွင် ယခုလက်ရှိ ရိုဟင်ဂျာ ၂၅၀၀၀ ခန့် ဒုက္ခသည်အဖြစ် နေထိုင်ခိုလှုံလျက်ရှိကြောင်း၊ မလေးရှားရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ခွဲခြားမှုများကြောင့် တတိယနိုင်ငံ ခိုလှုံခွင့်ရရှိရန် မလွယ်ကူကြောင်း မလေးရှားအခြေစိုက် မြန်မာရိုဟင်ဂျာ လူ့အခွင့်အရေးအဖွဲ့မှ ကိုဇဖာဟာမက်က စွပ်စွဲထားသည်။

ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ မလေးရှားရှိ UNHCR ရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေကြားခြင်း မရှိပေ။

http://www.bur.irrawaddy.org

Read More...

Sunday, May 15, 2011

မလေးရှားမှာ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာတဲ့ ASHIN EIDDIDPALA

မလေးရှားမှာ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာတဲ့ ASHIN EIDDIDPALA


  • May 15, 2011 ရက် ၊ 2:40pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။



  • 15.5.2011 ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ASHIN EIDDIDPALA ၏  No 1 စိတ်ဓါတ်မြှင့်တင်ရေး ပို့ချမှုသင်တန်းပွဲ အခမ်းအနားတွင် လူသုံးဆယ်
    ခန့်သာ တက်ရောက်ကြောင်း သိရသည်။ အဆိုပါ ASHIN EIDDIDPALA ပွဲစလုပ်မည်ဟု သိရသည့် အချိန်မှ စ၍ မလေးရှားနိုင်ငံရောက် တာဝန်သိ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များမှ အဆိုပါ သာသနာဖျက်ဘုန်းကြီးအား
    ဆန့်ကျင်ကန့်ကွက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မလေးရှားနိုင်ငံအနှံ ကန့်ကွက်စာများ လိုက်လံကပ်ခြင်း၊ အင်တာနက် အွန်လိုင်းမှ တဆင့် ကန့်ကွက်ကြေငြာခြင်း၊ SMS များပို့ကာ ကန့်ကွက်
    ကြေငြာခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ မလေးရှားရောက် မြန်မာရဟန်းတော် အချို့ကလည်း အဆိုတော် ဘုန်းကြီးအား ရဟန်းကျင့်ဝတ်နှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

    ထိုသို့ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်မြန်မာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းဆောင်ရွက် ကန့်ကွက်ကြသဖြင့် ယနေ့(15.5.2011) နေ့တွင် ကျင်းပခဲ့သည့်ပွဲတွင် လူ 30 ခန့်သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
    ထိုသို့ တက်ရောက်လာကြသူများမှာလည်း အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြသူများနှင့် မကင်းရာ မကင်းကြောင်းများသာ ဖြစ်ကြသည်။ အဆိုပါပွဲတွင် ပွဲစီစဉ်သူများက No 1 စိတ်ဓါတ်မြှင့်တင်
    ရေး စာတမ်းပါ တူညီဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ခန်းမအောက်တွင် တဖက်သုံးယောက်စီ ရပ်ကာ လာသမျှ လူကို လက်အုပ်ချီ နှုတ်ဆက်၍ ကြိုဆိုနေကြသည်ကို တွေ့ရသည်။ လုံခြုံရေးအတွက်
    RELA ခေါ် မလေးရှား ပြည်သူ့စစ်များကိုလည်း ငှားရမ်းထားကြသည်။ အဆိုပါပွဲ ပြုလုပ်ရာတွင် ပွဲကျင်းပခွင့် ပါမစ် မရှိဘဲ ပြုလုပ်သည်ကို စာရေးသူ၏ မိတ်ဆွေတစ်ယောက်မှတဆင့် သိရှိရသည်။ ပွဲစတင်
    မည့်အချိန်မှာ နေ့လည် 12 : 00 ဟု ကြေငြာထားသော်လည်း 1 နာရီ ကျော်နေသည်အထိ လူ 15 ယောက်ခန့်သာ ရှိသည်ကို တွေ့ရသည်။ အဆိုပါပွဲတွင် ရောင်းချရန်အတွက် ASHIN EIDDIDPALA
    မှ စာအုပ်များကို ခင်းကျင်းထားပြီး ရောင်းဈေးမှာ RM 100 ( မြန်မာငွေ နှစ်သောင်းကျော် သုံးသောင်းနီးပါး ) ဖြစ်သည်။

    စာရေးသူတို့ ရောက်ရှိသွားပြီး အဆိုပါ အခမ်းအနားအား ဓါတ်ပုံရိုက်နေစဉ် ASHIN EIDDIDPALA မှ ရောက်လာပြီး “မင်းတို့က ဘယ်ကလဲ၊ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူးနော်၊ ငါက မြန်မာတွေ
    ဆိုရင် လန့်နေပြီ” ဟု ပြောသွားခဲ့သေးသည်။ မလေးရှား စံတော်ချိန် 2 နာရီ ခန့်တွင် ရဲများ ရောက်ရှိလာပြီး စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ ပွဲတက်ရောက်လာသူများကို အထောက်အထားများ
    စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့် ပွဲပျက်မလို ဖြစ်သွားခဲ့သည်။ အချို့မှာ ရဲအား ကြောက်ရွှံ့ပြီး ထိုသင်တန်းပွဲသို့ ဆက်လက် တက်ရောက်ခြင်းမရှိဘဲ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် ASHIN EIDDIDPALA
    မှာ သူ၏ အဖွဲ့ဝင် လူ သုံးဆယ်ခန့်ဖြင့်သာ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရကြောင်း သိရှိရသည်။

    ကိုထိုက် (မြန်မာ့စတိုင်)


    Read More...

    Wednesday, May 11, 2011

    မလေးရှားရောက် မြန်မာများသို့ အထူးသတင်း

    မလေးရှားရောက် မြန်မာများသို့ အထူးသတင်း

    May 11, 2011 ရက် ၊ 7:25pm တွင် Simon ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
    Aung Info မှ ကူးယူမျှဝေပေးတာပါ။
             ယနေ့ သြစတေးလျနိုင်ငံ အစိုးရသည် မလေးရှား အစိုးရနှင့် သဘောတူညီချက် တစ်ခု ပြုလုပ်လိုက်သည်ဟု သိရသည်။
              ထို သဘောတူညီချက် အရ မလေးရှားတွင် ရောက်ရှိနေသည့် ဒုက္ခသည် စုစုပေါင်း ၄၀၀၀ ကို သြစတေးလျသို့ ခေါ်ယူရန် ဖြစ်သည်။ အသေးစိတ်ကို သိလိုပါက ဤနေရာကိုhttp://www.abc.net.au/news/stories/2011/05/09/3211708.htm နှိပ်၍ ဖတ်ရှုပါ။

    Read More...

    Tuesday, May 10, 2011

    မလေးရှားရောက် ရွှေများအတွက် တပ်လှန့်သံ www.lankamsma.org


    မလေးရှားနိုင်ငံမှာလာရောက် ရှာဖွေလုပ်ကိုင်နေကြသော ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများ သာသနာတော်၏ အစောင့်အရှောက် နှင့်မကင်းဝေးစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာပြည်မှ ဆရာတော်သံဃာတော်များကို ပင့်ဆောင်၍ တရားပွဲများအား ကျင်းပခဲ့သူများရှိခဲ့သောကြောင့် မြန်မာအလုပ်သမားမိသားစုများအဖို့ အင်မတန်မှပင် ဝမ်းမြောက်ဝမ်းသာနှင့် သွားရောက်ကာ တရားတော်များကို အခါအခွင့်သင့်တိုင်း နာကြားခွင့်များရခဲ့ကြရပါသည် ။
    သို့ရာတွင် ယခု ၁၃၇၃ခုနှစ် ကဆုန် လဆန်း ၁၃ ရက် ( ၁၅ ၊ ၅ ၊ ၂၀၁၁ ) တနင်္ဂနွေနေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့လာရောက်၍ ဟောကြားမည်ဟုဆိုသော ဘုန်းကြီးတစ်ပါးနှင့်ပတ်သက်၍ သိထားသင့် သည်များရှိနေပါသည် ။ ( မလေးရှားတင်မကပါ တစ်ခြားနိုင်ငံများသို့လည်းသွားရောက်ရန်စီစဉ်ထားပုံရပါသည်)

    မည်သည့်ရည်ရွယ်ချက်မျိုးကို ကိုယ်စားပြု၍ ဗုဒ္ဓဘာသာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်လာသည်ကိုမူ မေးစရာတော့ရှိနေပါသည် ၊ မလေးရှားမှာ ခန်းမငှါးပြီးဟောမှာက နိုင်ငံရေးလဲ မဟုတ်ဘူး ၊ ဘာသာရေးလဲမဟုတ်ဘူးတဲ့ ၊ စိတ်ဓါတ်မြင့်တင်ရေးကိုဟောပြောမှာပါ။ အဲဒါ ဘာကိုဆိုလိုတာလဲဆိုတာ နည်းနည်းတော့ သိသင့်ကြပါပြီ။ သင်္ကန်းကို ဝတ်ထားတဲ့သံဃာတော်ဆိုရင် သံဃာတော်တို့ရဲ့ အလုပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောကြား ပြသပေးခဲ့တဲ့ တရားဓမ္မစကား တွေကိုသာ ဟောပြောပြသပြီး သတ္တဝါတွေအတွက် သံသရာမှာကောင်းကျိုးချမ်းသာရအောင်သာဆောင်ရွက်ကြရမှာပါ။ တရားဓမ္မ ကို မသိပဲ စိတ်ဓါတ်မြင့်တင်ရေးကိုလုပ်ချင်ပြောချင်ရင်လဲ လူထွက်ပြီး စာရေးဆရာတွေဟောသလို လိုက်ဟောသင့် ပါတယ်။ ခုလို လုပ်နေကြပုံကတော့ တမင်သက်သက် ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လာလုပ်နေသလိုဖြစ်နေပါတယ်။
    တချို့ ဆရာတော်များက "ဒါဟာ နအဖရဲ့ သံဃာသင်းခွဲခြင်းတစ်နည်းဖြစ်ကြာင်း၊ သာသနာတော်ကို ခုတုံးလုပ်ပြီး နအဖက နိုင်ငံရေးအမြတ်ထုတ်တာ ဖြစ်ကြောင်း၊ အဲဒီ ရဟန်းတော်ဟာ ငယ်ဖြူဖြစ်ခဲ့လျှင်၊ ဒါမှ မဟုတ် ပိဋကတ်တော်တွေကို ကျေကျေပွန်ပွန် တတ်မြောက်ထားမယ်ဆိုရင် ဘုရားရှင် သာသနာတော်ကို လေးလေးစားစားရှိမှာဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းတွင် နအဖက သံဃာတော်များကို လူ ဒါယကာ၊ဒါယိကာမများ အကြည်အညိုပျက်အောင်၊ သံဃာတော်အချင်းချင်း ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    တနည်းအားဖြင့် ပြောရရင် နအဖဟာ ပြည်တွင်းမှာရှိသူတွေရော၊ ပြည်ပမှာ နေထိုင်သူများကိုပါ စိတ်ဓာတ်တွေပျက်ဆီးပြီး
    သူ့နိုင်ငံရေးခွင်ဘက်ကို လှည့်မလာအောင် ဥာဏ်နီ ဥာဏ်နက် သုံးနေတာ ဖြစ်ကြောင်း ။ အိမ်ကြက်ချင်း အိုးမဲသုတ်တိုက်နေတာဖြစ်ကြောင်း၊ အဲဒီ ရဟန်းဟာ နအဖကြိုးကိုင် မဟုတ်ဘူးဆိုရင်၊ တရုတ်တွေနဲ့ စုပေါင်းပြီး စီးပွားရေးသဘောတရားအရ ရဟန်းအတုအယောင်ဘ၀နဲ့ တရားအတုအယောင်တွေကို လှည့်လည်ဟောကြားပြီး သာသနာတော်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးဆိုရင်တော့ ကောင်းပါတယ်။ နအဖရဲ့ ကလီကမာ ခိုင်းတာကို လုပ်ဖို့၊ သာသနာတော်ကို ဖျက်ဆီးဖို့ လာမယ်ဆိုရင်တော့ ဒီခရီးကို သူမလာသင့်ပါဘူး လို့ မိန့်ကြားပါတယ်။


    ဒါတွေကို လူတွေက မသိတာ တော့မဟုတ်ပါဘူးသိကြပါတယ် တချို့ကြတော့လဲ တကယ်ကိုမသိကြသူတွေရှိနေကြတာကိုလဲ ကိုယ်တိုင် တွေ့မြင်မိလို့ ဒီအကြောင်းကို မဖြစ်မနေအားလုံးကိုသိအောင်ပြောပြမှ ဖြစ်တော့မယ်ဆိုပြီး ဒီစာရေးဖြစ်သွားတာပါ ၊ သူ့ကို စပွန်ဇာ ပေးပြီးပင့်ဆောင်လာသူတွေဟာ မလေးရှားမှာ စီးပွားလာရှာနေကြတဲ့ မြန်မာပြည်က မွတ်စလင်ဘာသာဝင် တွေပါပဲ ဗုဒ္ဓဘာသာ ဝင်တွေကပင့်လာတာမဟုတ်ပါဘူး ဆိုတော့က ဒီဘုန်းကြီးဟာ တရားပွဲ လုပ်မယ်ဆိုတဲ့ ရက်တွေထက် တစ်လ ကျော်လောက်ကို စောပြီးတော့ ကွာလာလမ်ပူမှာ သူ့ဟောပြောပွဲကိုလာကြဖို့ စည်းရုံးတဲ့စာစောင်တွေကို ဖြန့်ချီနေကြတော့ မဖြစ်သင့်တာတွေ မဖြစ်ရအောင်တားတဲ့ သဘောနဲ့ ဒီစာကိုရေးရတာပါ ၊ သူဟောမှာကို သွားနားမထောင် ကြဘူး ဆိုရင် တော့ အကောင်းဆုံးပါပဲ တချို့ကတော့ မကျေမနပ်တွေဖြစ်နေကြပြီး ရန်မူလိုတဲ့ဆန္ဒတွေရှိနေကြတာကိုလဲ သိရတော့ ဒါဟာကောင်းတဲ့အလုပ်မဟုတ်ပါဘူးလို့ပြောပါရစေ။
    ဘုန်းကြီးအတုအယောင်လို့ သတ်မှတ်ကြတယ်။ သိကြတယ်ဆိုရင် ဆရာတော်တွေနဲ့ တိုင်ပင်ပြီးတော့ လူဝတ်လဲခိုင်း သင်္ကန်းကိုချွတ်ခိုင်းတာမျိုးပဲ တရားဝင်အားဖြင့်ဆောင်ရွက်ကြစေလိုပါတယ် ။ ဟောပြောပွဲကို သဘောမတူကြောင်း ဆန္ဒပြကြမယ့် အဖွဲ့တွေ ရှိနေပါပြီ အားလုံးပဲ ဟောပြောပွဲကို မသွားသင့်ဘူးဆိုတာတော့ သိလောက်ပါပြီ။ ဒေါသတွေကိုရှေ့ထားပြီး လက်လွန်ခြေလွန် တွေလုပ်ပြီး မမှားသင့်တာတွေ့မမှားရအောင် စဉ်းစားပြီးလုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ သာသနာတော်ကြီးကို စောင့်ရှောက်ကြတဲ့အခါမှာလဲ အကုသိုလ်စိတ်ဖြစ်တဲ့ ဒေါသစိတ်များကို အရင်ချိုးနှိမ်ပြီး ကောင်းစွာစောင့်ရှောက်နိုင်ကြပါစေ။

    Read More...

    Tuesday, April 5, 2011


    Read More...