ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Monday, December 20, 2010

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမများနေထိုင်သော အိမ်အားအကြမ်းဖက်ဝင်ရောက်လုယက်

Dec 19 2010,Mc wai yan ! ရေးသားခဲ့သော ဘလော့ဖြစ်ပါသည်။
ပြည်ပနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများမှာ
လုံခြုံမှုမရှိကြောင်း အောက်ပါ အဖြစ်အပျက်မှ သက်သေပြနေပါသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးဘာရှုး တွင် အလုပ်လာရောက်လုပ်ကိုင်နေသော မြန်မာ
မိန်းကလေးများနေထိုင်ရာအိမ်ကို အကြမ်းဖက်ဝင်ရောက် ပစ္စည်းယူ မုဒိန်းကျင့်သော
အမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။
မဖြစ်ပွါးမှီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက်ကြည့်ရှု
ချောင်းမြောင်းနေသည့် ယောက်ျားလေး သူစိမ်းကိုတွေ့ ရသဖြင့် အလုပ်သမများမှ
အေးဂျင့်အား ဖုန်းဆက်ကာအကြောင်းကြားသော်လည်း တစုံတရာ လာရောက်ပြောဆို
လုပ်ကိုင်ပေးခြင်းမရှိခဲ့ပါ။

နောက်တစ်ကြိမ်တွင်လည်း အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား
အိန္ဒိယဟု ထင်မြင်ယူဆရသူများ လာရောက်၍မဖွယ်မရာ ပုံစံများကို မိန်းကလေးများအား
ပြုလုပ်ပြသ သဖြင့် အေးဂျင့်အားထပ်မံတိုင်ကြားခဲ့ပါသည်။ အဆိုပါအေးဂျင့်မှသူနှင့်မဆိုင်
သလို တာဝန်ယူဖြေရှင်းပေးခြင်း မရှိပဲ လာပြရင်ကြည့်နေပေါ့ဟု ပြန်လည်ပြောကြားခဲ့သည်
ဟုကြားသိရပါသည်။
ယခုဖြစ်ပွါးပုံမှာ အဆိုပါမလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့်
မိန်းကလေးများ နေထိုင်ရာအိမ်တွင်းသို့ မလေးနိုင်ငံသားအိန္ဒိယဟု ထင်ရသူ (၄)ဦး
ဝင်ရောက်လာကာ အိမ်တွင်းနေထိုင်သူ မိန်းကလေး (၁၀)ယောက်ကို ကြိုးနှင့်တုပ်
အ၀တ်များပါးစပ်ကို ပိတ်စည်းကာ အားလုံးကို အ၀တ်အစားများချွတ်ပြီး ရေချိုးခန်းတွင်း
သို့ ထည့်ကာပိတ်ထားပါသည်။
ထို့ နောက်ငယ်ရွယ်သော မိန်းကလေး (၄)ယောက်ကို အခန်းတွင်းသို့ ခေါ်ကာ
မုဒိန်းကျင့်မှု ကျူးလွန်ခဲ့သည်ဟု သိရှိရပါသည်၊ တန်ဖိုးရှိသောပစ္စည်းများကို ရှာဖွေမွှေ
နှောက် ယူငင်သွားကြသည့်အပြင် မိန်းကလေး (၄)ဦးအားစော်ကားသွားခြင်းဖြစ်ပါသည်။
အဆိုပါ အမူကိစ္စအား မလေးရှားရဲဌာနမှ မည်သို့ ဆက်လက်လုပ်ကိုင်ပေးမည်ကို
မသိရသေးသော်လည်း နောက်ဆုံးကြားရသည့် သတင်းအရ အဆိုပါ မိန်းကလေးများ
အားလုံးကို မြန်မာသံရုံးမှ လာရောက်ခေါ်ဆောင်သွားသည်ဟု သတင်းပေးပို့ သူမှတဆင့်
ကြားသိရပါသည်။
အသေးစိတ် အချက်လက် သတင်းကို ထပ်မံစုံစမ်း ဖော်ပြပေးသွားပါမည်။
ပြည်တွင်းစီးပွါးရေးမပြေလည်မှု အလုပ်အကိုင် ရှားပါးမှုများကြောင့် ပြည်ပနိုင်ငံများသို့ 
ထွက်ကာ အလုပ်လုပ်ကိုင်နေကြရသည့် မြန်မာနိုင်ငံမှ အလုပ်သမား အများအပြား
ရှိပါသည်။ အဆိုပါ အထဲတွင် မိန်းကလေး အများအပြားပါရှိပါသည်၊ မြန်မာနိုင်ငံမှ
လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြားမှာ မလေးရှား
နိုင်ငံ နှင့် ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ပါသည်။
မလေးရှားတွင် အလုပ်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်
သမားများမှာ မကြာခဏ လုယက်ခံရခြင်း၊ ရိုက်မှုများဖြစ်ခြင်းနှင့် အနိုင်ကျင့်စော်ကား
ခံရမှုများ မကြာခဏ ဖြစ်ပွါးလျှက်ရှိပါသည်။
အလုယက် ခံရသူများမှာ မည်သို့ တိုင်ကြားရမည်ကို မသိရှိခြင်း၊
ရှက်ကြောက်ခြင်း တို့ ကြောင့် လူ့ အခွင့်ရေးချိုးဖောက်မှုများ ဖြစ်ပွါးနေသော်လည်း
မည့်သည့် အမှု့ မှသေချာပေါ်ပေါက်ခြင်းမရှိပဲနေပါသည်။