ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Thursday, December 23, 2010

ပီနန်သူပေးစာ။ ဒုတ်ကြီးမောင် ဘလော့မှ။

ဘယ်သူကဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလည်းတော့မသိပါဘူး။ မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်၊
ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။ ကြားနေတာတော့ကြာပါပြီ။
ဒါပေမဲ့ ကိုယ်တိုင်ကလည်းဘယ်မှမသွားသေသေချာချာမမြင်တွေ့ ဘူးတော့ မြန်မာအမျိုးသားတွေ (အချို့ )ရဲ့စိတ်ထဲမှာ
တကယ်အဲဒီလိုကြီးထင်နေမှန်းမသိခဲ့ဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းကလေးအတွင်းကမှ............
ကျွန်မကစာရေးလေ့ရေးထမရှိပါဘူး၊ စာဖတ်နေရရင်ပျော်တတ်သူပါ။ အခုတော့ တော်တော်လေးရေးချင်လာလို့ ပါ။ လွန်ခဲ့တဲ့ (၆)ရက်လောက်ပေါ့လေ..........
ကျွန်မဆီကိုမြန်မာမိန်းကလေးအသိနှစ်ယောက်ရောက်လာခဲ့ပါတယ်၊ တစ်ယောက်ကတော့ အိမ်ထောင်သည် ကလေးအမေပါ
(အသက်ကတော့ငယ်သေးတယ် ၂၃ နှစ်ပါ) နောက်တစ်ယောက်ကတော့ အပျို(၁၉)နှစ်ပဲရှိသေးတယ်၊
နှစ်ယောက်စလုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ သိပ်တော့မရင်းနီးပါဘူး၊ ၂၅.၁၀.၂၀၁၀ ကမှမလေးရှားကိုရောက်လာတာပါ၊ သူတို့ က ပီနန်စက်ရုံမှာအလုပ်ရပါတယ် ကျွန်မလည်း ပီနန်ထဲမှာပါ၊ သိပ်မကြာလိုက်ပါဘူး ၁၁.၁၂.၂၀၁၀ ည(၉)နာရီလောက်ကြီး သူတို့ ကျွန်မဆီကိုရောက်လာပါတယ် သူတို့ အသိအမျိုးသားတစ်ယောက်က လိုက်ပို့ ပါတယ်။ အလုပ်ကပင်ပန်းလို့ မလုပ်နိုင်တော့ဘူး (၀)အိုလိုက်ပြီတဲ့။
အဆင်ပြေမယ်ဆိုရင်ဒီမှာခဏနေပြီး အလုပ်ရှာချင်တယ်တဲ့၊ ကျွန်မလည်းနေပေါ့ အလုပ်လည်းဝိုင်းရှာပေးမယ်လို့ ။
အဲဒီမှာစတော့တာပဲ၊ လာလိုက်တဲ့ဖုန်းက တစ်ခုမှအချိုးမပြေ ဒီကြားထဲ သူတို့ ကစပီကာဖွင့်ပြောတော့
အကုန်ကြားနေရတော့တာပဲ၊ တစ်ယောက်ကဆို ညီမလေး အခု(၀)အိုသွားတော့အဆင်မပြေဘူး မဟုတ်လား။
အစ်ကို့ ဆီလာနေပါလား ဒါပေမယ့် လာမယ်ဆိုရင် မြန်မြန်လာပါ၊ (၂၀)ရက်နေ့ အထိပဲ စောင့်နိုင်မယ်
(၂၀)ရက်နေ့ မှမလာဘူးဆိုရင် တခြားကောင်မလေးတစ်ယောက်ကိုပဲ ခေါ်လိုက်တော့တဲ့ ကြည့်ပါဦးပြောပုံကို
နောက်တစ်ယောက်ဆိုရင်(သူကဖုန်ဝယ်ပေးတဲ့သူပါ)ညီမအခုဘယ်မှာလည်း လာခေါ်မယ်ဆိုတာချည်းပဲ။
ကောင်မလေးက အဲဒီလူကို သိပ်မကြည်ဘူးထင်ပါတယ် အခုရောက်နေတဲ့နေရာကို မသိဘူးပဲခံငြင်တာ၊
အဲဒါနဲ့ အဲဒီလူက ညီမလေး မသိရင်လည်း အိမ်ရှင်အစ်မကိုပေးလိုက်ပါတဲ့၊ အဲဒီညီမက အစ်မ မပြောနဲ့ နော်ဆိုပြီး
ခေါင်းတခါခါ လက်တခါခါနဲ့ ကျွန်မဆီကို ဖုန်းအတင်းထိုးပေးပါတယ် ကျွန်မကလည်း ဟိုလိုလို ဒီလိုလိုနဲ့ 
လိပ်စာအတိအကျ မပြောတတ်ဘူးလို့ ပြောလိုက်တယ်။ အဲဒီမှာ အဲဒီအကောင်က ကျွန်မကိုဘာပြောတယ်ထင်လည်း
အစ်မပဲစဉ်းစားကြည့်ပါ ကျွန်တော့်ဆီက ဖုန်းတော့ယူပြီး ကျွန်တော့်ရှောင်နေလို့ ရမလားဗျ ဘာပဲပြောပြော
ကျွန်တော့်လူဖြစ်သွားပြီပဲတဲ့။ တောက်ဒီ........စိတ်ထဲမှာတော့လေ ကောင်းချီးပေးလိုက်တာစုံသွားတာပဲ၊
အပြင်မှာတော့ဘာမှမပြောတော့ပါဘူး၊ ဖုန်းပဲချလိုက်တယ်။
ဖုန်းချပြီးတော့ ဟဲ့ နင်တို့ လူကမလွယ်ပါလား၊ သူ့ ဖုန်းပြန်တာပေးလိုက်ပါတော့လား
မပေးနိုင်သေးပါဘူး ဖုန်းတစ်လုံးနည်းတာမှတ်လို့ သူတို့ ဝယ်ပေးတော့ ကိုယ်ဖုန်းဝယ်မယ့် ပိုက်ဆံကို
မြန်မာပြည်ပို့ လို့ ရတာပေါ့တဲ့ဒါပေမယ့် နင်တို့ လူက သားပြောမယားပြော ပြောနေတာလေဆိုတော့လည်း
အစ်မရယ် အခုရှောင်နေလိုက်ရင် သူဘာတတ်နိုင်တာမှတ်လို့ မလေးရှားမှာက ဒီလိုပါပဲ
ညီမတို့ ရောက်ခါစကဆို အဲဒီလူပဲ လူတစ်ယောက် ဖုန်းဝယ်ပေးပြီးတော့ အဖြေအတင်းတောင်း ညီမကလည်း
စဉ်းစားဦးမယ်ချည်းပြောတာ (၁၀)ရက်လောက်ကြာတော့ ငါ့မကြိုက်နိုင်ရင်လည်း ဖုန်းပြန်ပေးဆိုပြီး
ပြန်ယူသွားတယ်၊ ဒါပေမယ့် ညီမကလည်းမမှု့ ပါဘူး၊ ဖုန်းဝယ်ပေးချင်တဲ့လူတွေတန်းစီနေတာပဲ၊
ညီမ မပြောနဲ့ ဟိုအစ်မမှာတောင် ၀ယ်ပေးချင်တဲ့လူတွေအများကြီးဆိုပြီး အိမ်ထောင်ရှိတဲ့ တစ်ယောက်ကို
လက်ညိုးထိုးပြပါတယ်။
အဲဒါနဲ့ ဟဲ့အိမ်ထောင်ရှိတာပြောမပြဘူးလားဆိုတော့ ကလေးဓါတ်ပုံတောင် ထုတ်ပြသေးတယ်တဲ့
သူတို့ ကမြန်မာပြည်မှာရှိရှိ မရှိရှိ စိတ်မ၀င်စားဘူး အစ်မကိုပဲ စိတ်ဝင်စားတယ်ဆိုပဲ၊ ငါလည်း ငါ့ကိုယ်
မပါသွားအောင်ဆိုပြီး အလိုက်သင့်နေနေရတယ်၊ ဒီရောက်မှငါလည်း စန်းတွေပွင့်နေလိုက်တာများ
အံ့တောင်ဩတယ်တဲ့။ သူပြောတာကြားရတော့ ဟိုတလောက အင်တာနက်မှာဖတ်လိုက်ရတာလေး
သွားသတိရပါတယ်။ ရေးတဲ့လူနာမည်တော့ မမှတ်မိတော့ဘူး မိန်းကလေးတွေလည်း မလေးရှားရောက်မှ
ငါအရမ်းစန်ပွင့်နေပါလားလို့ တော့မထင်ပါနှင့်ဆိုတဲ့ စာသားလေးပါ။
အခုတော့မြန်မာမိန်းကလေးတွေဆိုရင် ကိုယ့်မြန်မာအချင်းချင်းသာမက
တခြားလူမျိုးတွေကပါ စော်ကားချင်လာကြပြီ။ မြန်မာအမျိုးသားတွေကလည်း မြန်မာမိန်းကလေးတွေကို
(တချို့ ကပြောပါတယ်)သူတို့ မှာနှမ မရှိပါဘူးတဲ့ နှမ မရှိရင်တောင် အမေဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ်
တူမဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲကပဲဖြစ်ဖြစ် နောက်ဆုံး သံယောဇဉ်တွယ်ဖူးတဲ့ မိန်းကလေးတော့
ရှိမှာပဲ ကျေးဇူးပြုပြီးစာနာပေးကြပါ။
မိန်းကလေးတွေကလည်း ကိုယ့်အားကိုယ်ကိုးစိတ်လေးမြှင့်တင်ပေးကြပါ။
ငါဒီမှာ ဘာလုပ်လုပ်မြန်မာပြည်ကမသိဘူးဆိုပြီး ထင်ရာမစိုင်းလိုက်ကြပါနဲ့ 
နောင်တချိန်ကျရင် နောင်တရပြီးစိတ်ဆင်းရဲရမှာကို စိုးရိမ်လို့ ပါ။