ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Wednesday, March 23, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေ

နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်မှသာ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ယင်းအမိန့် ကြော်ငြာစာပါ သတ်မှတ်သည့်နေ့ရက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်မည်။
နိုင်ငံတော်သမ္မတက နိုင်ငံတော် အတွက် လိုအပ်သည့်အချိန်မှသာ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ယင်း အမိန့်ကြော်ငြာစာပါသတ်မှတ်သည့် နေ့ရက်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေသည် စတင်အာဏာတည်မည် ဖြစ်ကြောင်း ရှေ့နေချုပ်ဦးအေးမောင်က ပြည်သူ့လွှတ်တော်၌ မတ်လ ၁၁ ရက်နေ့က ရှင်းလင်းဖြေကြားခဲ့သည်။
စမ်းချောင်းမဲဆန္ဒနယ်မှ ဦးစိုး ၀င်း၏ 'မကြာသေးမီက ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုအသက်ဝင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း၊ အဆိုပါဥပဒေ အသက် ၀င်ပါက စစ်မှုထမ်းရန် မည်သို့မည်ပုံ ဆင့်ဆိုသွားမည်ကို သိလိုပါကြောင်း' မေးခွန်းနှင့်ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခု အသက်ဝင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း၊ အဆိုပါ ဥပဒေအသက်ဝင်ပါက စစ်မှုထမ်းရန် မည်သို့မည်ပုံ ဆင့်ဆိုသွားမည်ကို သိလိုပါကြောင်း' မေးခွန်းနှင့် ပတ်သက်၍ . . .

ရှေ့နေချုပ်ဦးအေးမောင်က 'ယခုပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှု ထမ်းဥပဒေသည် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေကို ခေတ်ကာလနှင့် လျော်ညီစွာ ပြုပြင် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)တွင် 'ဤဥပဒေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်ရမည်'ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထိုပြဋ္ဌာန်း ချက်ပါ 'နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ' ဆိုသည့် စကားရပ်ကို ၂၀၁၁ ခုနှစ် စကားရပ်များအစားထိုး ဥပဒေအရ 'နိုင်ငံတော် သမ္မတ' ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ဖြစ်သည့်အလျောက် နိုင်ငံ တော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်မှသာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ယင်းအမိန့် ကြော်ငြာစာပါ သတ်မှတ်သည့်နေ့ ရက်၌ပြည်သူ့စစ်မှုထမ်းဥပဒေသည် စတင်အာဏာတည်မည်ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ အသက်ဝင်ပါက စစ်မှုထမ်းရန် မည်သို့မည်ပုံဆင့်ဆိုသွားမည်ကို သိလိုပါကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ယင်းဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း'ဟု ထည့်သွင်း ဖြေကြားခဲ့သည်။
ဟင်းလေးအိုးမှ တဆင့်